ကုန်သွယ်လယ်ယာဝန်ထမ်းဟောင်းများနှင့် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ လူမှုကူညီရေးအဖွဲ့ (၂/၂၀၂၂) အစည်းအဝေးကျင်းပ

Powered by Drupal

      မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ စက်တင်ဘာ ၇ ရက်၊ နေ့လယ် (၁၃:၀၀) နာရီတွင် ကုန်သွယ်လယ်ယာဝန်ထမ်းဟောင်းများနှင့် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်း များလူမှုကူညီရေးအဖွဲ့ (၂/၂၀၂၂) အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

   အစည်းအဝေးတွင် ကုန်သွယ်လယ်ယာဝန်ထမ်းဟောင်းများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများလူမှုကူညီရေးအဖွဲ့ ဥက္ကဌ ဦးဖေသိန်းမှ အဖွင့်အမှာစကားပြောကြားပြီး ဘဏ္ဍာရေးမှူးဖြစ်သော ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်းမှ ရန်ပုံငွေအခြေအနေများကို တင်ပြဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာသူများမှ အဖွဲ့၏ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးရာတွင် ယခုလက်ရှိအချိန်တွင် ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်နေသည့်အတွက် ယခင်ကနာရေးအတွက် (၁၀၀၀၀၀) ကျပ် ထောက်ပံ့ပေးခြင်းအစား ယခုနောက်ပိုင်းတွင်နာရေးအတွက် (၂၀၀၀၀၀) ကျပ် ထောက်ပံ့ပေးရန်၊ ယခင်အစည်းအဝေးကို (၄) လတစ်ကြိမ်ကျင်းပရာမှ ယခု (၆) လ တစ်ကြိမ်၊ (၁) နှစ်လျှင် (၂) ကြိမ် ကျင်းပပြုလုပ်ဆောင်ရွက်ရန်၊ ဝန်ထမ်းဟောင်းများအစည်းအဝေးသို့ တက်ရောက်သည့်အခါ အဆင်ပြေစေရန် ကြိုပို့ယာဉ်အားအသင်းမှစီစဉ်ပေးနိုင်ရန်၊ မြို့နယ်များတွင် အသင်းဝင်ရန် ကျန်ရှိနေသော ဝန်ထမ်းဟောင်းများမှ အသင်းဝင်ရောက်နိုင်ရေးအတွက် ကော်မတီမှ စည်းရုံးရေးအဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ဖြင့် ပူးပေါင်းဆောင်ရွက် ပေးရန်၊ ရန်ပုံငွေထည့်ဝင်မှုအား Kpay ဖြင့် ပေးသွင်းနိုင်ရေးနှင့် ဝန်ထမ်းဟောင်းများ တစ်ဦးနှင့်တစ်ဦးအဆက်အသွယ်ရှိစေရန် Messenger Group ဖြင့်ဆောင်ရွက်ပေးသွားရန် စသည့် အကြောင်းအရာများအား ဆွေးနွေးခဲ့ကြသည်။

     အဆိုပါ အစည်းအဝေးသို့ ကုန်သွယ်လယ်ယာဝန်ထမ်းဟောင်းများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၂၈) ယောက် တက်ရောက်ခဲ့ပြီး အစည်းအဝေးအား (၁၄:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)