ဆန်၊ဆီလုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

Powered by Drupal

      စစ်ကိုင်းတိုင်း‌‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးတို့သည် (၁၁.၈.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် မုံရွာမြို့၊ ကမ်းနားလမ်းရှိ မြသီရိဆန်၊ ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ဆန်၊ ဆီများ၏ လက်ရှိဖြစ်ပေါ်နေသော ဈေးနှုန်းများအခြေအနေ၊ ရောင်းဝယ်ဖောက်ကားမှုနှင့် ဈေးကွက်တွင် ကြုံတွေ့နေရသော အခက်အခဲများအား တွေ့ဆုံဆွေးနွေးမေးမြန်းခြင်းဆောင်ရွက်ခဲ့ပါသည်။ မြသီရိ ဆန်၊ ဆီရောင်း ဝယ်ရေးလုပ်ငန်းပိုင်ရှင်ဦး‌‌ငွေမိုးက ယခုရက်များတွင် ဆန်ဈေးအနည်းငယ်မြင့်တက်လာကြောင်း၊ ရွှေဘိုပေါ်ဆန်း(၁)အိတ်လျှင် (၇၅၀၀၀)ကျပ်၊ ဧရာမင်းဆန်(၁)အိတ်လျှင်(၅၅၀၀၀)ကျပ်ဖြစ်ပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက (၅၀၀၀)ကျပ်ခန့် ဈေးအနည်းငယ်တက်လာကြောင်း၊ စားသုံးဆီ ဈေးနှုန်းများအနေဖြင့် ပဲဆီ(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ နှမ်းဆီ(၁)ပိဿာလျှင် (၉၀၀၀)ကျပ်၊ နေကြာဆီ(၁)ပိဿာလျှင် (၉၀၀၀)ကျပ်နှင့် စားအုန်းဆီ(၁)ပိဿာလျှင် (၉၀၀၀)ကျပ် နှုန်းရောင်းချကြောင်း၊ ဩဂုတ်လဆန်းပိုင်းက ကုမ္ပဏီများထံမှ ရည်ညွှန်းဈေး (၅၁၀၀)ကျပ်ဖြင့် ဝယ်ခွင့်ရခဲ့သော စားအုန်းဆီများအား (၁)ပိဿာလျှင်(၅၅၀၀)ကျပ်ဖြင့် ခရိုင်ဆီအသင်းဦးဆောင်မှုဖြင့် ရောင်းချရန် အစီအစဉ်ရှိပါကြောင်း၊ ရောင်းချမည့်ရက်ကိုလည်း ကွင်းဆင်းစိစစ်ပေးနိုင်ရန်အတွက် စားသုံးသူရေးရာဌာနသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အခက်အခဲများအနေဖြင့် စားအုန်းဆီများ ဝယ်ယူရာတွင် ခက်ခဲသည့်အတွက် တစ်ခါတစ်ရံ ပြင်ပပေါက်ဈေးဖြင့် ဝယ်ယူရောင်းချရပြီး ဈေးအနည်းငယ်တက်ရကြောင်း၊ စားအုန်းဆီများ ရည်ညွှန်းဈေးဖြင့် ဝယ်ယူရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပါ သည်။

      ထို့နောက် ခရိုင်ဦးစီးမှူးက ကုန်ပစ္စည်းများကို ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထား၍ မရကြောင်း၊ စားအုန်းဆီများကိုလည်း ကြီးကြပ်ရေးကော်မတီက အပတ်စဉ်ထုတ်ပြန်ကြောညာ လျက်ရှိသော သတ်မှတ်ရည်ညွှန်းဈေးအပေါ် ဒေသအလိုက်သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထပ်ပေါင်း၍ (၂)ရာခိုင်နှုန်း အမြတ်ထက်မပိုသောဈေးများဖြင့်သာ ရောင်းချသင့်ကြောင်း၊ စားအုန်းဆီ ရည်ညွှန်းဈေးနှုန်းများဖြင့် စဉ်ဆက်မပြတ်ဝယ်ယူရရှိနိုင်ရေးအတွက် မိမိတို့ဌာနကလည်း မြန်မာနိုင်ငံ ဆီကုန်သည်များ၊ ဆီလုပ်ငန်းရှင်များအသင်းနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေး ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(စစ်ကိုင်း)