ရွှေတောင်မြို့နယ်တွင် အခြေခံလူတန်းစားများသို့ သက်သာသော ဈေးနှုန်းဖြင့် ဆန်များရောင်းချ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပဲခူးတိုင်းဒေသကြီး (အနောက်) ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ (၁၇.၈.၂၀၂၂)နေ့နှင့် (၁၈.၈.၂၀၂၂) နေ့တွင် ရွှေတောင်မြို့ပေါ်ရှိ ရပ်ကွက်ကြီး (၃)ရပ်ကွက်ဖြစ်သော သရက်တောရပ်ကွက်၊ ယွန်းတန်းရပ်ကွက်နှင့် ကြာနီကန် ရပ်ကွက်တို့တွင် အခြေခံလူတန်းစားများအား သက်သာသောဈေးနှုန်းဖြင့် ဆန်များ ရောင်းချ ပေးခဲ့ပါသည်။

     ထိုသို့ရွှေတောင် မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်ရှိ အခြေခံလူတန်းစားများသို့ သက်သာသော ဈေးနှုန်းဖြင့် ဆန်များရောင်းချရာတွင် တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်နှုန်းဖြင့် မနောသုခဆန် (၁)ပြည်လျှင် (၁၆၀၀)ကျပ်ဖြင့် အိမ်ထောင်စု (၁၂၀၀)အတွက် ဆန်အိတ်(၁၀၀) အားရောင်းချပေးကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)