ရွှေတောင်မြို့နယ်တွင် စားအုန်းဆီများသက်သာသောဈေးနှုန်းဖြင့် ရောင်းချ

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့ရှိ မြို့ပေါ်ရပ်ကွက်ကြီး (၃)ရပ်ကွက်ဖြစ်သာ ကြာနီကန်ရပ်ကွက်၊ ယွန်းတန်းရပ်ကွက်နှင့်  သရက်တောရပ်ကွက်တို့တွင်  (၁၉.၈.၂၀၂၂) ရက်နေ့ နံနက် (၉:၃၀) အချိန်တွင် ရွှေတောင်မြို့ရှိ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှ ဒုဦးစီးမှူး ဦးအောင်ရဲထိုက်နှင့် ပြည်မြို့မှ ဆီကုန်သည် ဦးသက်နိုင်နှင့် အဖွဲ့တို့မှ ပူးပေါင်း၍ အခြေခံလူတန်းစား စားသုံးသူ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချခဲ့ပါသည်။

      ရွှေတောင်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်ကြီး (၃)ကွက်တွင် အခြေခံလူတန်းစားများအား စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြစ်သော တစ်ပိဿာလျှင် (၄၂၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် (၅၀)သားဗူး (၁)ဗူးအားရောင်းချပေးခဲ့ပါသည်။ ထိုသို့ရောင်းချပေးရာတွင် ရွှေတောင် မြို့နယ်အနေဖြင့် စုစုပေါင်း ဆီပိဿာချိန် (၅၀၀)ခန့်ရောင်းချပေးခဲ့ပါသည်။

DOCA(ပဲခူး)