သနပ်ပင်မြို့နယ်တွင် သက်သာသောစျေးနှုန်းဖြင့် ဆန်များရောင်းချပေး

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပဲခူးတိုင်းဒေသကြီး ၊  စားသုံးသူရေးရာဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး ၊ ဆန်စက်လုပ်ငန်းရှင်များ အသင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုအရ သနင်ပင် မြို့နယ်တွင် ဆင်းသွယ်လတ် ၊ ဆန်သား ၉၀ ရာနှုန်း အိတ် (၁၅၀)အား သနပ်ပင် မြို့နယ်အတွင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိ ဝန်ထမ်းများ ပူးပေါင်းပြီး (၁၅.၈.၂၀၂၂) ရက်နေ့မှ (၂၁.၈.၂၀၂၂) ရက်နေ့ထိ သနပ်ပင်မြို့မ ၊ စျေးပိုင်ရပ်ကွက် ၊ မြို့မစျေးနှင့် မြို့ပေါ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် ဆန်(၁)ပြည်လျှင် သက်သာသည့်စျေးနှုန်း (၁၆၀၀) ကျပ်ဖြင့် ရောင်းချပေးလျှက်ရှိပြီး အခြေခံစားသုံးသူများမှ ဝယ်ယူလျှက်ရှိကြောင်း သိရှိရပါသည်။ သနပ်ပင် မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများသို့ စုစုပေါင်း ဆန်အိတ် (၁၅၀) ရောင်းချပေးပြီး ဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)