ပဲခူးခရိုင်အတွင်း သွားတိုက်ဆေးများအား ကြည့်ရှုစစ်ဆေး

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးခရိုင်ဦးစီးမှူးနှင့် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၁၈.၈.၂၀၂၂ ၊ ၁၉.၈.၂၀၂၂ ၊ ၃၀.၈.၂၀၂၂ ရက်နေ့များတွင် ပဲခူးခရိုင်အတွင်းရှိ ပဲခူးမြို့ ၊ သနပ်ပင်မြို့ ၊ ဝေါမြို့များရှိ စည်ပင်သာယာစျေးအတွင်း ရောင်းချနေသော ကုန်စုံဆိုင်များနှင့် မြို့ပေါ်ရှိ ကုန်စုံဆိုင်များသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ပဲခူးမြို့ ၊ သနပ်ပင်မြို့ ၊ ဝေါမြို့များရှိ စည်ပင်သာယာစျေးအတွင်း ရောင်းချနေသော ကုန်စုံဆိုင်များနှင့် မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော သွားတိုက်ဆေးအမျိုးမျိုးကို မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်း ရှိ/မရှိကို စျေးကွက် စောင့်ကြည့် စစ်ဆေးရာ၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

      ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာကော်မတီမှ ယခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်ရန် အတည်ပြုသတ်မှတ်ပေးခဲ့သော ကုန်စည် (၁၀)မျိုးကို အစီအစဉ်အလိုက် ဆောင်ရွက်ရာ၌ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ ယခုနှစ်တွင် သွားတိုက်ဆေးအမျိုးမျိုးကို စျေးကွက် စောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)