ပဲခူးတိုင်းအတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် စိုက်ပျိုး ၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးအတွက် ပဲခူးတိုင်းဒေသကြီးအတွင်း ကဏ္ဍအလိုက် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများမှ ခရီုင် ၊ မြို့နယ်အလိုက် ကျေးရွာများသို့ ကွင်းဆင်းဟောပြောလျက်ရှိပါသည်။

     ထိုသို့ ကွင်းဆင်းဟောပြောခြင်းများ ဆောင်ရွက်ရာတွင် စိုက်ပျိုးထုတ်လုပ်သူများ ၊ စီးပွားရေးလုပ်ငန်းရှင်များ ၊ မွေးမြူရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာ ပေးခြင်းများ ၊ ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးမှုဆိုင်ရာ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက် ရေးဆိုင်ရာ ကဏ္ဍများနှင့် စားသုံးဆီသုံးစွဲမှု လျော့ချသွားရန် အသိပညာပေးခြင်းများ ၊ စားသုံးဆီ ပိုမိုသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများကို အသိပညာပေးခြင်း ၊ အသင်း အဖွဲ့ဆောင်ရွက်ရန် အခြေအနေများ ၊ တစ်ရာသီသုံးသီးစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ် ရရှိနိုင်မှု အခြေအနေများကို ဆွေးနွေးဟောပြောကြကြောင်း သိရှိရပါသည် ။

   ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၊ မြို့နယ်များရှိ ကျေးရွာများတွင် ဩဂုတ်လအတွင်း မြို့နယ် (၁၀)မြို့နယ် ၊ ကျေးရွာ (၅၃)ရွာ ၊ တောင်သူလုပ်ငန်းရှင် (၃၂၇၈)ဦးကို ဆွေးနွေး ဟောပြောပြီးကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)