ဖျာပုံမြို့နယ် အခြေခံပြည်သူများအား သက်သာချောင်ချီရေး ဆန်၊ဆီ၊ဆား၊ကြက်ဉနှင့် တပ်မတော်ထုတ်ကုန်များအား ဈေးသက်သာစွာဖြင့် ရောင်းချပေး

Powered by Drupal

      မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တိုင်းဒေသကြီးကော်မတီ(၅) ဖျာပုံမြို့နယ်ဆန်စက်လုပ်ငန်းရှင်အသင်း၊ဆန်စပါးကုန်သည်များအသင်းနှင့်မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းတို့မှ ဆန်၊ ဆီ၊ ဆား၊ ကြက်ဉ နှင့် တပ်မတော်ထုတ်ကုန် ငါးသေတ္တာ၊ ပဲဘူး၊ ခေါက်ဆွဲခြောက်၊ မျှင်ငါးပိဘူး၊ ကော်ဖီထုပ်၊ လက်ဖက်ခြောက်ထုပ်များအား မြို့နယ်ဆန်စက်ပိုင်ရှင်များအသင်းရုံးတွင် စက်တင်ဘာလ(၄/၅)ရက် နေ့များတွင် ဖျာပုံမြို့နယ် အခြေခံပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ ကြောင်းသိရရသည်။

       အဆိုပါစားသောက်ကုန်များရောင်းချပေးရာသို့ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး နိုင်လင်း၊ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံ၊ ခလရ(၉၈) နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများလာရောက်ပြီး မြို့နယ်အတွင်းရှိ အခြေခံပြည်သူများအား သက်သာချောင်ချီရေး ဈေးနှုန်းဖြင့် အချွန်ဆန်တစ်ပြည်(၁၅၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာ(၅၁၀၀)ကျပ်၊ ဆားတစ်ပိဿာ (၂၀၀)ကျပ်၊ ကြက်ဉတစ်လုံး(၁၀၀)ကျပ်နှင့် တပ်မတော်ထုတ်ကုန် စားသောက်ကုန်များကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးမှုအား တက်ရောက်အားပေးခဲ့ပြီး လိုအပ်သည့်စားသောက်ကုန်စည်များအား ထပ်မံဖြည့်ဆည်းပေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)