ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၉.၉.၂၀၂၂)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် ပန်းတနော် မြို့ ဆယ်နှစ်ကျေးရွာရှိ သင်ဖြူးဖျာလုပ်ငန်းရှင် (၅)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးအသိပညာပေး တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် သင်ဖျာလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တို့၏ တာဝန်များအကြောင်း၊ ကုန်စည်နှင့် ပတ်သက်၍ အာမခံချက် ပေးနိုင်ခြင်းနှင့် စပ်လျဉ်းသည့် အချက်များအကြောင်း၊ ကုန်စည် အာမခံထားမှုအပေါ် စားသုံးသူတို့ တောင်းဆိုနိုင်သည့် အခွင့်အရေး များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ လုပ်ငန်းရှင်တို့ထုတ်လုပ်သော သင်ဖျာများတွင် အမှတ်တံဆိပ် နှင့် မည်မျှနှစ်ရှည်ခံနိုင်သည့် အာမခံချက်များ ဖော်ပြနိုင်ပါက ပိုမိုကောင်းမွန်နိုင်ကြောင်း ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းစပ်လျဉ်းသည့် ကိစ္စရပ်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)