လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် မြို့ပေါ်ရှိအိမ်သုံးဆေး အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍(၈.၉.၂၀၂၂) ရက်နေ့ နေ့လယ် (၁၂:၀၀) နာရီအချိန်က  မော်လမြိုင်ကျွန်းမြို့ပေါ်ရှိ အိမ်သုံးဆေးဆိုင်(၇)ဆိုင်အား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်မှ အိမ် သုံးဆေးအရောင်းဆိုင်ပိုင်ရှင်များအား စားသုံးသူပြည်သူများအား သင့်တင့်သောဈေးနှုန်းဖြင့်အဆင် ပြေဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုရန်၊ဆေးဆိုင်များပုံမှန်ဖွင့် လှစ်ရောင်းချနိုင်ရေး၊ အိမ်သုံးဆေးများပြတ်လပ်မှုမဖြစ်ပေါ်စေရေး အဓိကထားဆောင်ရွက်ကြရန် ဈေးကွက်အတွင်း သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်းမပြု ရန် သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ထားသော ဥပဒေများ၊ စည်းကမ်းချက်များအတိုင်း လိုက်နာ ဆောင်ရွက်ကြရန်၊ ထုတ်ပြန်ထားသောဥပဒေများနှင့်အညီ ရောင်းချခြင်းအား စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိ ရပါသည်။

DOCA(ဧရာဝတီ)