အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

       ရှမ်းပြည်နယ် (တောင်ပိုင်း) စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ကျိုင်းတုံမြို့၊ ရပ်ကွက် (၂)၊ (၃) အတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင် (၄) ဆိုင်အား ကုန်အညွှန်းအမှတ်အသား နှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ရာ အလှကုန်ပစ္စည်းများတွင် မြန်မာစာနှင့်ကုန်အညွှန်းအမှတ်အသားများ ဖော်ပြပါရှိသည်ကို တွေ့ရှိရပါသည်။ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် အလှကုန်ပစ္စည်းရောင်းချသူများကို သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် များနှင့် မြန်မာစာကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိပြီး တရားဝင်တင်သွင်းထားသည့် အလှကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန်၊ တရားမဝင်တင်သွင်းထားသည့် အလှကုန်ပစ္စည်း များကို ရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ “ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း”နှင့် အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကို သိရှိလိုက်နာ ဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)