မကွေးမြို့၊ ကန်သာစျေးတွင် အခြေခံစားကုန် ဟင်းသီးဟင်းရွက်များနှင့် စားသုံးဆီများ စျေးနှုန်းသက်သာစွာ ရောင်းချမှုအား ပူးပေါင်းဆောင်ရွက်

Powered by Drupal

        (၁၂.၉.၂၀၂၂)ရက်နေ့ နံနက်(၀၇:၀၀)မှ (၁၀:၀၀)နာရီထိ မကွေးမြို့၊ ကန်သာစျေး၌ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ မကွေးတပ်နယ်မှ စားသုံးသူပြည်သူများ သက်သာချောင်ချိရေးအတွက် အခြေခံစား ကုန်ဖြစ်သော ဆန်တစ်ပြည်(၁၅၀၀)ကျပ်၊ အမဲသား(၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ ဒေသ ကြက်တစ် ကောင်(၆၀၀၀)ကျပ်၊ ငါးပိဘူးတစ်ဘူး(၅၅၀)ကျပ်၊ မျှစ်စားတော်ပဲတစ်ဘူး(၂၄၅၀)ကျပ်၊ ကြက်သားအာလူး တစ်ဘူး(၄၀၅၀)ကျပ်၊ ပဲထောပတ်ဘူးတစ်ဘူး(၄၅၀)ကျပ်၊ ငါးပိကြော်တစ်ဘူး (၂၂၀၀)ကျပ်၊ အမဲသားဘူး တစ်ဘူး(၆၂၀၀)ကျပ်၊ ကြက်ဥတစ်လုံး(၁၈၀)ကျပ်၊ ချဉ်ပေါင်ရွက်(၃)စီး (၁၀၀)ကျပ်၊ ဂေါ်ရခါးသီးတစ်လုံး (၁၁၀)ကျပ်၊ ခရမ်းချဉ်သီး(၅၀)သား(၁၁၅၀)ကျပ်နှင့် ဂေါ်ဖီတစ်ထုပ် (၁၃၀၀)ကျပ် နှုန်းများဖြင့် ရောင်းချခဲ့ကြောင်းနှင့် ကုမ္ပဏီများမှဖြန့်ဖြူးရောင်းချသော ဆီများအား မကွေးမြို့ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များမှ စားအုန်းဆီတစ်ပိဿာ(၅၆၀၀)ကျပ်နှုန်းဖြင့် ပြည်သူတစ်ဦးလျှင် (၁)ပိဿာနှုန်း ရောင်းချပေးခဲ့ပါသည်။

         အဆိုပါအခြေခံစားကုန် ဟင်းသီးဟင်းရွက် အမယ်စုံနှင့် စားအုန်းဆီရောင်းချနေမှုအား စားသုံးသူ‌ရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ(လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ခရိုင်ရုံးဝန်ထမ်းများနှင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှဝန်ထမ်း(၃)ဦး မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးကျော်သူနှင့် ဝန်ထမ်းများ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီးဦး‌အောင်ချိန်မှ လာ‌ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)