မော်လမြိုင်မြို့၊ အထက (ခွဲ)အလက (၆) မြိုင်သာယာကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၄.၉.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့၊ အထက(ခွဲ) အလက (၆) မြိုင်သာယာကျောင်းတွင် ကျောင်းသားကျောင်းသူများ၊ ဆရာ/ဆရာမများ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းကို ဟောပြောဆွေးနွေးခဲ့ပါသည်။

         ထိုသို့ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ သိကောင်း စရာများ၊ စားသုံးသူထိခိုက်နစ်နာမှုအတွက် တိုင်ကြားနိုင်သည့် အခြေအနေများ၊ Consumer Call Center အကြောင်း များအား ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲများသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ၊ စုစုပေါင်း (၁၂၄) ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များအား ဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)