စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ၌ စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ (၁၄)ရက်၊ နံနက် ( ၁၁ : ၀၀)နာရီတွင် ကန့်ဘလူခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးသူရေးရာ ဦးစီးဌာန၏ မျှော်မှန်းချက်နှင့်ရည်မှန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးများနှင့် ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများအား ရှင်းလင်းဆွေးနွေး ဟောပြော ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း(၈)ဦး တက်ရောက် ခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်မေးမြန်းချက်များအပေါ်ပြန်လည်ဆွေးနွေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိသည်။
DOCA(စစ်ကိုင်း)