မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်တွင် ဆန်၊ ဆီ၊ စားသောက်ကုန်၊ လူသုံးကုန်များအား သက်သာသော ဈေးနှုန်းဖြင့် အများပြည်သူသို့ ရောင်းချပေး

Powered by Drupal

    မွန်ပြည်နယ်အစိုးရအဖွဲ့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တို့၏ ကြီးကြပ်မှုဖြင့် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ အများပြည်သူသို့ ဆန်နှင့် စားဆီများ၊ စားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချခြင်းကို ၁၀.၉.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရောင်းချခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ရောင်းချပေးရာတွင် မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ဆန်များ၊ မွန်ပြည်နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားဆီများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်ထုတ် မီးဖိုချောင်သုံးပစ္စည်းများ၊ အားကစားပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ ဆား ၊ အသား၊ ငါး၊ စည်သွပ်ဗူးများ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက် စသည်တို့ကို ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါရောင်းချပေးမှုအခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ တိုင်းမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များမှ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)