ဖျာပုံမြို့နယ် ပြည်သူများအား အခြေခံစားသောက်ကုန် ပစ္စည်း(၅)မျိုးကို သက်သာသော ဈေးနှုန်းဖြင့်ရောင်းချပေး

Powered by Drupal

     ဖျာပုံခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဖျာပုံမြို့နယ်ဆန်စက်၊ ဆန်ကုန်သည်များအသင်း၊ မြို့နယ်ဆီလုပ်ငန်းရှင်များ အသင်းတို့ကူညီမှုဖြင့် မြို့နယ်အတွင်းရှိ  အခြေခံပြည်သူများအား စက်တင်ဘာလ( ၁၂ ) ရက်နေ့၊ နံနက်(၀၈:၀၀)အချိန်က အမှတ်(၁၅)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးဝင်းတွင် သက်သာချောင်ချိရေး အခြေခံစားသောက်ကုန်ပစ္စည်း(၅)မျိုးအား ရောင်းချပေးလျက်ရှိသည်။

      အဆိုပါပြည်သူများအား သက်သာချောင်ချိရေးဆန်၊ ဆီ၊ ကြက်ဉ ၊ ကြက်သွန်နီ၊ ချဉ်ပေါင် ရွက်နှင့် ရုံးပဒေသီးများအား ရောင်းချပေးရာတွင် ဖျာပုံခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးနိုင်လင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး 

ဦးထွေးသိမ်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ဆန်စက်/ ဆန်ကုန်သည်များအသင်းမှ တာဝန်ရှိသူများက ပြည်သူများအား သက်သာချောင်ချိရေး ဆန်(၁)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်ဉ(၅)လုံး၊ကြက်သွန်နီ (၂၀)ကျပ်သား၊ ချဉ်ပေါင်(၁)စည်း၊ ရုံးပဒေသီး(၁၀)တောင့် စုစုပေါင်း ပစ္စည်း(၅)မျိုးအား(၅၅၀၀)ကျပ် သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိသည်။ ဖျာပုံမြို့နယ်ဆန်စက်/ ဆန်ကုန်သည်အသင်း အနေဖြင့် နေ့စဉ် အချွန်ဆန်အိတ်(၃၀)၊ ဆန်တစ်ပြည်(၁၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိပြီး မြို့နယ်ဆီလုပ်ငန်းရှင်အသင်းတို့မှ အခါအားလျော်စွာနေ့ရက်အလိုက် စားအုန်းဆီများကို သက်သာ သောဈေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

DOCA(ဧရာဝတီ)