ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင် ၊ ဒိုက်ဦးမြို့နယ်ဦးစီးမှူးသည် ၁၂.၉.၂၀၂၂ ရက်နေ့ ၊ နံနက် (၁၀) နာရီတွင် အ.ထ.က (၁) ကျောင်း အောင်ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော အသိပညာပေးဟောပြောပွဲသို့ တက်ရောက်ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် အ.ထ.က (၁) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဉမ္မာက အဖွင့် အမှာစကားပြောကြားပါသည်။ ထို့နောက် မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဉက္ကဌ ဒေါ်သင်းသင်းခိုင်က ကျောင်းသား/ကျောင်းသူများအား အကျင့် စာရိတ္တ ကောင်းမွန်စွာ နေထိုင်ကြရန် အသိပညာပေးဟောပြောပြီးနောက် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအဖွဲ့ (ဒိုက်ဦး) ဒုရဲအုပ် ဇော်မင်းထက်က လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး အသိပညာပေး ဟောပြောခြင်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေသက် အောင် က ကျောင်းသား/ ကျောင်းသူများအား စာဖတ်ကြရန် အသိပညာပေးဟောပြောခြင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်က စားသုံးသူကာကွယ်ရေးဉပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်များအား အသိပညာပေးရှင်းလင်းပြောကြား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ အခမ်းအနားသို့ ဆရာ/ ဆရာမ ၂၄ ဦးနှင့် ကျောင်းသား/ကျောင်းသူ ၃၀၀ ဦးခန့် တက်ရောက်ကြကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)