အုတ်တွင်းမြို့နယ် ပဲကြီးခုံမူလတန်းလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် တာဝန်ခံသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိ ပညာဗဟုတများရရှိစေရန်အတွက် စက်တင်ဘာလ ၁၂ ရက် နံနက်ပိုင်းက အုတ်တွင်းမြို့နယ်၊ ပဲကြီးခုံ ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပခဲ့ပါသည်။

    ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ်အေးအေးခိုင်က စားသုံးသူကာကွယ်ရေးပေါ်ပေါက်လာပုံ၊ စားသုံးသူတို့၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်ပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ပေါ်ပေါက်ပါက တိုင်ကြားနိုင်ခြင်းများကို ဟောပြောခဲ့ပါသည်။

       ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ခင်ခင်မာက စာဖတ်ခြင်း အကျိုးကျေးဇူးနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးများကို ဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၁၀ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)