တောင်ငူမြို့တွင် စားအုန်းဆီလက်လီလက္ကားဝယ်ယူခွင့်ရရှိသည့် ဆီကုန်သည်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် စက်တင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့ရှိ စားအုန်းဆီ လက်လီလက္ကားဝယ်ယူခွင့်ရရှိသည့် ဆီကုန်သည်များနှင့် ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    တွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးဦးမျိုးအောင်က ပထမပိုင်းအနေဖြင့် တရားဝင်တင်သွင်း ဖြန့်ဖြူးရောင်းချနေသည့် စားသုံးဆီများကို ကော်မတီမှ ဒေသအလိုက် အပတ်စဉ်ထုတ်ပြန် ကြေညာလျှက်ရှိသည့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအပေါ် ဒေသအလိုက် သယ်ယူပို့ဆောင်ခ ကုန်ကျ စရိတ်များထပ်ပေါင်း၍ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့်ရောင်းချရန်ကိုလည်းကောင်း၊ ဒုတိယပိုင်းအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်သည့် ပြဌာန်းချက်များကို လိုက်နာဆောင်ရွက်ကြရန်ကိုလည်းကောင်း ရှင်းလင်းပြောကြားပါသည်။

    ဆက်လက်၍ တက်ရောက်လာကြသည့် ဆီကုန်သည်များက သိရှိလိုသည်များကို မေးမြန်းကြရာ ခရိုင်ဦးစီးမှူးက ရှင်းလင်းဖြေကြားခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးသို့ ဆီကုန်ုသည် ၁၀ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)