ဖြူးမြို့ စည်ပင်သာယာဈေးမှ ကုန်စုံဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် စက်တင်ဘာလ ၈ ရက်နေ့နံနက်ပိုင်းက ဖြူးမြို့ စည်ပင်သာဈေး၊ ဈေးတာဝန်ခံရုံး၌ ကုန်စုံဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့်ပြဌာန်းချက်များကို ရှင်းလင်းဆွေးနွေးပါသည်။

      မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်း ရှင်၏ တာဝန်များပါ ပြဌာန်းချက်များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) တွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရန် ပြဌာန်းထားပါသဖြင့် သတ်မှတ်ကုန်အညွှန်း အမှတ်အသား ဖော်ပြထားခြင်းမရှိသော ကုန်စည်များကို ရောင်းချခြင်း မပြုရန်တို့ကို လည်းကောင်း ရှင်းလင်း ဆွေးနွေးပြီး တက်ရောက်လာသော ကုန်စုံဆိုင်ပိုင်ရှင်များနှင့် ကိုယ်စားလှယ်များ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးပါသည်။

        ဖြူးမြို့ စည်ပင်သာယာဈေးမှ ကုန်စုံဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံပွဲသို့ ကုန်စုံဆိုင်ပိုင်ရှင်များ၊ ကိုယ်စားလှယ်များ စုစုပေါင်း(၁၀)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)