မိတ္ထီလာမြို့နယ် မြို့မစျေးသို့ ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း”

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများဆောင်ရွက်ခြင်းနှင့်စားသုံးသူများဘေး အန္တရာယ် ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်း များ လုပ်ဆောင်လျှက်ရှိပါသည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၃  ရက်နေ့ (၁၀၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စစ်ဆေး‌ရေးအရာရှိ နှင့်ဝန်ထမ်းများသည် မိတ္ထီလာမြို့နယ်၊ မြို့မစျေးသို့သွားရောက်၍ စားသောက်ကုန် မုန့်မျိုးစုံနှင့် လူသုံးကုန်တို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ပြည့်စုံစွာ ထည့်သွင်းဖော်ပြ ခြင်းရှိ/မရှိ စျေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဆိုင်လုပ်ငန်းရှင်များအား လက်ရှိရောင်း ချနေ သော ကုန်စည်များတွင်ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များကို စားသုံးသူကာကွယ်ရေး (၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြလာစေရန်ရည်ရွယ်၍ စျေးကွက်စောင့်ကြည့် စစ်ဆေး ခြင်းဖြစ်ကြောင်းနှင့်၂၀၂၀ခုနှစ်၊မတ်လ(၁၆)ရက်နေ့မှစ၍စတင်အာဏာသက်ရောက်နေပြီဖြစ်ကြောင်း၊ လုပ်ငန်းများအနေဖြင့် မိမိတို့ရောင်းချသည့် ကုန်စည်နှင့်ပတ်သတ်၍ ပါဝင်ရမည့် အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်(သို့) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓါတ်မ တည့် ကြောင်း‌ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေထည့်သွင်း ဖော်ပြရမည် ဖြစ်ကြောင်း၊ အဆိုပါ အချက်အလက်များပါဝင်သည့် စားသောက်ကုန်နှင့် မုန့်မျိုးစုံနှင့် လူသုံးကုန်များကိုသာ ရောင်းချသွား ရန်နှင့် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာမပါရှိပါက မည်သည့်စီးပွားရေးလုပ်ငန်းရှင် မဆို စားသုံးသူ ကာကွယ်ရေးဥပဒေ ပုဒ်မ (၇၃)အရ (၂)နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ၊ ကျပ် သိန်း (၂၀၀)ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်(၂)ရပ်လုံးဖြစ်စေ အရေးယူမှုများပြုလုပ်နိုင် ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး  ကုန်အညွှန်းအမှတ်အသားတပ်ဆင်ရန် နားမလည်၍ အခက်အခဲဖြစ်သော လုပ်ငန်းရှင်များရှိပါကစားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက် ချက်များကို သိရှိလိုပါက DOCA Myanmar Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.  Gov.mm တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်သည်ကို ဆွေးနွေးပြောကြားခဲ့ပြီး ဌာနမှစျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများကို နေ့စဉ်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)