ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်သာယာရေးအဖွဲနှင့်အတူ (၁၄.၉.၂၀၂၂)ရက်နေ့ နံနက်(၀၉:၄၅) အချိန်၌ မြို့မဈေးအတွင်းရှိ လမင်းမုန့်မျိုးစုံဆိုင်၊ ပန်းမြို့တော်မုန့်မျိုးစုံဆိုင်တို့တွင် ရောင်းချနေသော မုန့်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းသော ကျန်းမာရေးနှင့် ညီညွှတ်စေမည့် ကုန်စည်များသုံးစွဲနိုင်ရေးအတွက် ရည်ရွယ်၍ ထုတ်ကုန်လုံခြုံ စိတ်ချရသောမုန့်များရောင်းချရေး၊ စားသုံးသူအခွင့်အရေးများ နစ်နာမှုမရှိစေရန်အတွက် ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းဖြစ်ပြီး မြို့မဈေးအတွင်းရှိ ရောင်းချသော မုန့်များ၌ ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါရှိသော ကုန်စည်များအား စစ်ဆေးတွေ့ ရှိခဲ့ ပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ်ဦးစီးမှူးက မုန့်ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးနိုင်သည့် အချက်အလက်များအကြောင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုအချက်များ၊ ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲ လျှက်ဖြစ်စေ ရေးသားဖော်ပြရမည့် ကုန်ပစ္စည်းကိုသာ ဖြန့်ဖြူးရောင်းချ ရန်ဖြစ်ကြောင်း၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံမှုရှိလာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ စားသုံးသူမှနစ်နာဆုံးရှံးမှုရှိလာပါက နစ်နာဆုံးရှုံမှုအတွက် အရေးဆိုတိုင်ကြားနိုင်ပြီး စားသုံးသူကာကွယ်ရေးကော်မတီတို့၏ စီမံခန့်ခွဲမှု နည်းလမ်းအရအရေးယူဆောင်ရွက်နိုင်ကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။
DOCA(ဧရာဝတီ)