ကျောက်ဖြူမြို့မဈေးကြီးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    ရခိုင်ပြည်နယ်၊  စားသုံးသူရေးရာဦးစီးဌာန၊  ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကျောက်ဖြူခရိုင်ဦးစီးမှူး၏ညွှန်ကြားချက်ဖြင့် (၁၆-၉-၂၀၂၂)နေ့ နေ့လယ် (၃:၀၀) နာရီအချိန်တွင်  ကျောက်ဖြူမြို့မဈေးကြီးသို့ သွားရောက်၍ ဈေးအတွင်းရောင်းချနေသော စားသောက်ကုန်ပစ္စည်း များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

    ဤကဲ့သို့ စစ်ဆေးရခြင်းမှာ ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ Facebook လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ဓါတ်ခွဲစမ်းသပ်စစ်ဆေးချက်အရ စားသုံးရန်မသင့်သည့် အစားအသောက်များစာရင်းအား စားသုံးသူ မိဘပြည်သူများသိရှိစေရန် ထုတ်ပြန်ထားရှိမှုနှင့်စပ်လျဉ်း၍ မိမိတို့မြို့နယ် ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိ သွားရောက်စစ်ဆေးရခြင်းဖြစ်ပါသည်။

    စားသုံးသူရေးရာဦးစီးဌာမှ ဝန်ထမ်းများသည် ဈေးအတွင်း စားသောက်ကုန်ရောင်းချနေသော  ဈေးဆိုင်လုပ်ငန်းရှင်များအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ကြောငြာ ထားသည့် အစားအသောက်နမူနာများအားသိရှိစေရန်နှင့် ဆိုင်တင်ရောင်းချမှုမပြုကြရန် အသိပေး ပြောကြားခြင်း၊ စားသုံးသူများဘေးဥပါဒ်မဖြစ်စေရေး ၎င်းအစားအသောက်များအားရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။

DOCA(ရခိုင်)