တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိဘိလပ်မြေဈေးနှုန်း

Powered by Drupal

   တနင်္သာရီတိုင်းဒေသကြီး၊   မြိတ်မြို့နယ်တွင် ယခုစက်တင်ဘာလတွင် အိမ်ဆောက် ပစ္စည်းများ အရောင်းအဝယ်ကောင်းလျက်ရှိပါသည်။ အိမ်ဆောက်ပစ္စည်းများထဲတွင် ဘိလပ် မြေသည် မရှိမဖြစ်သော အရာဖြစ်သည်။ ဘိလပ်မြေများကို ပြည်တွင်းဘိလပ်မြေစက်ရုံများမှ ဝယ်ယူသုံးစွဲ ကြသည့်အပြင် ပြည်ပဘိလပ်မြေများကိုလည်း ဝယ်ယူသုံးစွဲကြောင်း သိရှိရပါ သည်။

    မြိတ်ခရိုင် မြိတ်မြို့နယ်တွင် ရောင်းချနေသောဘိလပ်မြေများဖြစ်သည့်  ဆင်နီ တစ်အိတ်လျှင်  (၂၉၀၀၀)ကျပ်၊ ကြံ့တစ်အိတ်လျှင် (၂၈၀၀၀)ကျပ်၊ အယ်ဖာတစ်အိတ်လျှင် (၂၇၅၀၀)ကျပ်ရှိကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)