
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ယခုစက်တင်ဘာလတွင် အိမ်ဆောက် ပစ္စည်းများ အရောင်းအဝယ်ကောင်းလျက်ရှိပါသည်။ အိမ်ဆောက်ပစ္စည်းများထဲတွင် ဘိလပ် မြေသည် မရှိမဖြစ်သော အရာဖြစ်သည်။ ဘိလပ်မြေများကို ပြည်တွင်းဘိလပ်မြေစက်ရုံများမှ ဝယ်ယူသုံးစွဲ ကြသည့်အပြင် ပြည်ပဘိလပ်မြေများကိုလည်း ဝယ်ယူသုံးစွဲကြောင်း သိရှိရပါ သည်။
မြိတ်ခရိုင် မြိတ်မြို့နယ်တွင် ရောင်းချနေသောဘိလပ်မြေများဖြစ်သည့် ဆင်နီ တစ်အိတ်လျှင် (၂၉၀၀၀)ကျပ်၊ ကြံ့တစ်အိတ်လျှင် (၂၈၀၀၀)ကျပ်၊ အယ်ဖာတစ်အိတ်လျှင် (၂၇၅၀၀)ကျပ်ရှိကြောင်း သိရပါသည်။
DOCA(တနင်္သာရီ)