Committee of the Whole (CoW) for the ASEAN Economic Community (AEC) ၏ ၁၃ ကြိမ် မြောက်အစည်းအဝေးသို့ တက်ရောက်ခြင်း

Powered by Drupal

      ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် 13th Meeting of the Committee of the Whole (CoW) for the ASEAN Economic Community (AEC) ကို Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ AEC မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ AEC Sectoral Bodies မှ ဥက္ကဋ္ဌများ၊  အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးသို့ အာဆီယံ စားသုံးသူကာကွယ်ရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် အဖွဲ့ဝင်၊ ညွှန်ကြားရေးမှူးချုပ်၊ မူပိုင်ခွင့်ဦးစီးဌာန ဒေါက်တာမိုးမိုးသွယ်က ရုံးအမှတ် (၅၂) မှနေ၍ အစည်းအဝေး သို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် အာဆီယံစီးပွားရေးအသိုက်အဝန်းအောက်ရှိ ကဏ္ဍတစ်ခုနှင့်တစ်ခု ဆက်စပ်နေသည့်လုပ်ငန်းများနှင့် Committee of the Whole (CoW) ၏ အုပ်ချုပ်မှုပုံစံ၊ နှစ်အလိုက် ဦးစားပေးဆောင်ရွက်သွားရမည့်ကိစ္စရပ်များစသည်တို့နှင့်စပ်လျဉ်း၍  ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ Committee of the Whole (CoW) for the ASEAN Economic Community (AEC) ၏ ၁၄ ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပပြုလုပ်ရန် လျာထားကြောင်း ‌ဆွေးနွေးခဲ့ပါသည်။