အင်္ဂပူမြို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၁၈.၉.၂၀၂၂)ရက်နေ့ နေ့လယ်  (၁၀:၃၀) အချိန်တွင်မကျီးကုန်းကျေးရွာအုပ်စုရှိ အ-မ-က (မူလွန်) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမနှင့် မုန့်ဆိုင်ပိုင်ရှင် (၁၄၆)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။

        ဟောပြောပွဲတွင် ဦးဘိုဘိုမှ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၃) ပါ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း များအကြောင်း၊ အခန်း(၁၈)ပါကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းအကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား အသင့်စားမုန့်အမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ အဓိကဖက်ရှု့ရမည် ဖြစ်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး၊ ကျောင်းမုန်းဈေးတန်းတွင် ရောင်းချနေသော ဈေးဆိုင်ပိုင်ရှင်များအား  သက်တမ်းလွန်နေသော အစားအသောက်များ၊ သတ်မှတ်ချက်နှင့် မကိုက်ညီ သောအစားအသောက်များရောင်းချခြင်းမပြုရန် ဆွေးနွေးမှာကြားစစ်ဆေးခဲ့၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြ ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)