
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုဦးစီးမှူး ဦးအောင်ထွန်းမြနှင့် ဝန်ထမ်း များသည် ၁၂-၉-၂၀၂၅ ရက်၊ သောကြာနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.ထ.ကခွဲ(၃)၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ (ကျောင်းသား၊ ကျောင်းသူ) များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဦးအောင်ထွန်းမြ က စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်း ဟောပြောခဲ့ပြီး ဆက်လက်၍ ဒု-ဦးစီးမှူး စုနွေးသီရိမောင်က ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက် နှင့်ကုန်စည်များကို စနစ်တကျရွှေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်ညွှန်းအမှတ် အသားအကြောင်းနှင့် Comsumer Call Center သို့ ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့ခေါ်ဆိုပြောကြားခဲ့ပြီး ဆရာ၊ ဆရာမ (၂၀) ဦး၊ ကျောင်းသား၊ ကျောင်းသူများ (၁၅၀)ဦး စုစုပေါင်း ဦးရေ(၁၇၀) တက်ရောက်ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရ ပါသည်။
DOCA(ကရင်)