မကွေးမြို့၊ မြို့မဈေး၌ ကုန်အညွှန်းအမှတ်အသားပြည်စုံသော ကုန်ပစ္စည်းများ ရောင်းချစေရေးနှင့် ပလတ်စတစ်သုံးစွဲမှု လျော့ချရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တွင် မြို့နယ်သာယာလှပစရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign အား မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် အပတ်စဉ် တနင်္လာနေ့တိုင်းအား ပလတ်စတစ်အိတ်မသုံးစွဲရေးနေ့ဟု သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ (၈.၉. ၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၀၀)အချိန်တွင် မကွေးမြို့၊ မြို့မစျေး၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော ပစ္စည်းများရောင်းချစေရေးနှင့် ဈေးဆိုင်များတွင် ပလတ်စတစ်အိတ်ဖြင့် ထုတ်ပိုးရောင်းချ ခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ် အစား စက္ကူအိတ်များ၊ အင်ဖက်များ၊ ငှက်ပျောဖက်များဖြင့် အစားထိုး ထုပ်ပိုးသုံးစွဲစေရေး အသိပညာပေးခြင်းနှင့် အသိပညာ‌ ပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ စစ်ဆေးရာတွင် စည်ပင်သာယာရေးအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စျေးကော်မတီဝင်များ ပူးပေါင်း၍ မြို့မစျေးအတွင်းနှင့် အပြင်တွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)