ပခုက္ကူမြို့ပေါ်ရှိကုန်စုံဆိုင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက် စောင့်ကြည့်စစ်ဆေးပေး

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုးနှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ရည်ရွယ်၍ စက်တင်ဘာ လ(၁၄)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် တိုင်း/ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)နှင့် အညီ ထည့်သွင်းဖော်ပြလာစေရန် ပခုက္ကူမြို့ပေါ်ရှိ မုန့်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

    စားသောက်ကုန်ရောင်းချသူ ဈေးဆိုင်ပိုင်ရှင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်  ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော မုန့်များသည် အစားအသောက်အုပ်စု အသင့်စားမုန့်  အမျိုးအစားတွင်ပါဝင်ပြီး  စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါကုန်အညွှန်း အမှတ်အသားဖော်ပြချက်များနှင့် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြား ချက်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့် ဖော်ပြရ မည့် ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမဏ၊ ထားသိုသိမ်း ဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မဖြစ်မနေ ထည့်သွင်းဖော်ပြရမည်ဖြစ် ပြီး ထုတ်လုပ်ရက်စွဲနှင့် သက်တမ်းကုန်ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ မိမိထုတ်လုပ်သည့် ကုန်စည်နှင့်ပတ်သက်၍လည်း ဘေးအန္တရာယ်ကင်းရှင်းမှုကို အာမခံမှုပေးရ မည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကုန်စည်ကြောင့် စားသုံးသူအနေဖြင့် ထိခိုက်နစ်နာမှုရှိပါက တာဝန်ယူ ဖြေရှင်းပေးရမည်ဖြစ်ပြီး အာမခံမှုနှင့်အညီ ဆောင်ရွက်ပေးမှုမရှိပါက စားသုံးသူမှ တိုင်ကြားနိုင်သည့် အခွင့်အရေးရှိပြီး ဦးစီးဌာနနှင့်စားသုံးသူကာကွယ်ရေးကော်မတီတို့၏ စီမံခန့်ခွဲရေး နည်းလမ်းအရ  အရေးယူနိုင်သည့် အချက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူ အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)