ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်(၁၉.၈.၂၀၂၂)ရက်နေ့ နံနက်(၁၀;၃၀)နာရီက လပွတ္တာ မြို့နယ် အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကုန်မျိုးစုံဆိုင်ရှင်များအား စားသုံးသူအသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာ တာဝန်ခံမှ ကုန်မျိုးစုံဆိုင်ရှင်များအား မိမိတို့ဌာနအနေဖြင့် စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ရန်၊ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များလည်း စားသုံးသူများဖြစ်သည့်အလျှောက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို မိမိတို့ဌာနနှင့်ပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များနှင့်စပ်လျဉ်း၍ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး အခန်း(၁၀)ပုဒ်မ(၂၁) ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပါသည်၊ဟောပြောပွဲသို့ ကုန်မျိုးစုံရောင်းချသောလုပ်ငန်းရှင် (၁၅)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရ ပါသည်။
DOCA(ဧရာဝတီ)