ကြံခင်းမြို့နယ် ရွာသစ်မြို့မရှိ ခွဲတမ်းရစားအုန်းဆီအရောင်းဆိုင်များအားအဖွဲ့နှင့် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၁၁.၉.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၀၀)အချိန်တွင် သက်ဆိုင်ရာဌာနအဖွဲ့နှင့်အတူ ကြံခင်းမြို့ ရွာသစ်မြို့မ၊ ရွှေတောင်စုရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးထက်ဈေးနှုန်း မြှင့်တင်ရောင်း ချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို   ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက ခွဲတမ်းရစားအုန်းဆီကုန်စုံဆိုင် လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီရောင်းချရာတွင် ရပ်ကွက်၊ကျေးရွာနေပြည်သူများအား နှံ့နှံ့စပ်စပ် ရောင်းချပေးရန်၊ ဆီရောင်းချရာတွင်လည်း Daily စာရင်းများပြုစုထားရှိပြီး သတ်မှတ် ရည်ညွှန်းဈေးထက်မပိုပဲ မှန်မှန်ကန်ကန်ရောင်းချရန်၊ ဆိုင်များတွင် သတ်မှတ်ရည်ညွှန်း ဈေးရေးသား ထားသည့် ဗွီနိုင်းများကို ချိတ်ဆွဲထား၍ရောင်းချရန်၊ ဆက်လက်၍ ကုန်စုံဆိုင် လုပ်ငန်းရှင်များအနေဖြင့် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် အိမ်ထောင်စုများ ဆီဖြန့်ဖြူးရောင်းချမှုများအား  စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)