သထုံမြို့နယ်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀.၉.၂၀၂၂ ရက်နေ့တွင် သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်ရှိ လမ်းဘေး၊ ဝဲယာဈေးဆိုင် (၈) ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် အဆိုပါဈေးဆိုင်များ၌ ရောင်းချနေသော ထုတ်ကုန်ပစ္စည်းများမှာ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ) နှင့် (ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ဖော်ပြထားခြင်း ရှိ/မရှိ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)