VERY GOOD မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များနှင့်‌ တွေ့ဆုံဆွေးနွေး

Powered by Drupal

    ကချင်ပြည်နယ်၊ စားသုံးသူရးရာဦးစီးဌာန၊မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းဦးနှင့်ဝန်ထမ်း များသည် 20.9.2022ရက်နေ့တွင် မြစ်ကြီးနားမြို့၊ရမ်ပူရပ်ကွက်ရှိ Very Good မုန်မျိုးစုံထုတ်လုပ်ဖြန့် ဖြူးရောင်းချသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးဦးဇော်မင်းဦးက စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်း ချက်ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊စားသုံးသူကို ခွဲခြားမှုမရှိဘဲဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေး ကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်း၊ အရည်အသွေးစမ်းသပ်ရန် လိုအပ်သောကုန်စည်နှင့်စပ်လျဉ်း၍  ဝယ်ယူခြင်းမပြုမီ  စားသုံးသူများကိုစမ်းသပ်နိုင်သည့်  အခွင့်အရေးပေးခြင်း၊စားသုံးသူ နစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက် ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကိုရှောင်ကြဉ်ရမည်ဖြစ်ကြောင်းနှင့် စီးပွားရေး လုပ်ငန်းရှင်သည် ကုန်စည်နှင့်စပ်လျဉ်း၍ ဖေါ်ပြရမည့်အာမခံချက်များဖြစ်သည့် စားသုံးသူကလက်ခံ သုံးစွဲနိုင်သော အရည်အသွေးရှိခြင်း၊ ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့်အလေးချိန် မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ သုံးစွဲသူ၏လိုအပ်ချက်အတွက် သင့်လျှော်မှုရှိခြင်း၊ နမူနာပစ္စည်းတွင်  ဖေါ်ပြထားသည့်အတိုင်းတူညီစွာပါရှိခြင်း၊ အာမခံချက်ပေးထားသည့်ကာလ သို့မဟုတ်အသုံးပြုနိုင်မည့်ကာလအတွင်း အပိုပစ္စည်းရရှိနိုင်ခြင်း၊ပြန်လည်ပြုပြင်နိုင်ခြင်း သို့မဟုတ်လဲ လှယ်နိုင်ခြင်း၊ ကုန်အညွှန်းအမှတ်အသားပါအချက်အလက်၊ကြော်ငြာ၊ ကမ်းလှမ်းချက်သို့မဟုတ် အရောင်းမြှင့်တင်ခြင်းတွင် ပါဝင်သောဖေါ်ပြချက်နှင့် ကိုက်ညီမှုရှိခြင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)