ဖြူးမြို့နယ် မူလွန်ကျော်လှစုတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ဖြူးမြို့နယ်၊ ကျော်လှစုကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာလ ၁၉ ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။

     ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမပြီး ဒေါ်နီလာအေးက အဖွင့်အမှာစကား ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံရုံးမှ ဌာနခွဲစာရေး ဒေါ်ပပလင်းက စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရန် စားသုံးသူ ကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားပြီးဖြစ်ရာ ကုန်စည်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသား များကို ဖတ်ရှုသင့်သည့် အကြောင်းများ၊ စားသုံးသူ နစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ဈေးကွက်အတွင်း ကွင်းဆင်းဆောင်ရွက်နေမှုများကို ဆွေးနွေး ဟောပြောပါသည်။

   ထို့အတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်အိမာဟိန်းက “အသိပညာ တိုးပွားဖို့ စာဖတ်ကြစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဆေးခန်းမှူး ဒေါ်ဝင်းဝင်းအေးက ကျန်းမာရေးနှင့်ဆေးပညာအကြောင်းကိုလည်းကောင်း၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ယဉ်သူဇာလွင်က လူငယ်များနှင့် ခေါင်းဆောင်မှုအကြောင်းကို လည်းကောင်း ဟောပြောခဲ့ကြပါသည်။

   ဟောပြောပွဲသို့ ဆရာ ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူ ၁၃၁ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)