ဖြူးမြို့  အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

    ပဲခူးတိုင်း‌‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ဖြူးမြို့ အမျိုးသမီး အိမ်တွင်းမှုလုပ်ငန်းပညာသင်တန်း ကျောင်းတွင်ပြုလုပ်သည့်  အသိ ပညာပေးဟောပြောပွဲသို့ တက်ရောက်၍ စားသုံးသူကာကွယ်ရေး ဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

  ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေ၏ ရည်ရွယ်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသည့် အခြေအနေများကို ဟောပြော ဆွေးနွေးခဲ့ပါသည်။

     ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက အသိပညာတိုးပွားဖို့ စာဖတ်ကြစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ယဉ်သူဇာလွင်မှ လူငယ်နှင့်ခေါင်းဆောင်မှု အကြောင်းကိုလည်းကောင်း ဟောပြော ဆွေးနွေးခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ သင်တန်းနည်းပြများနှင့် အဆင့်မြင့်စက်ချုပ် သင်တန်း အမှတ်စဉ်(၄)တက်ရောက်သူ သင်တန်းသူ စုစုပေါင်း ၄၉ ဦး တက်ရောက်ကြောင်း သိရှိိရပါသည်။

DOCA(ပဲခူး)