ဖြူးမြို့ စာရေးလမ်း မူလွန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

      ပဲခူးတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ဖြူးမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစား နှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာများအလိုက် အသိပညာပေးဟောပြောခြင်းကို စက်တင်ဘာလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက တောင်ငူခရိုင်၊ ဖြူးမြို့၊ စာရေးလမ်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

      ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံရုံးမှ အကြီးတန်းစာရေး ဒေါ်သဲဆုရည်မွန်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်ခြင်းများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများကို ဆွေးနွေးဟောပြောပါသည်။

       ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက အသိ ပညာတိုးပွားဖို့ စာဖတ်ကြစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ယဉ်သူဇာလွင်မှ လူငယ်နှင့်ခေါင်းဆောင်မှု အကြောင်းကိုလည်းကောင်း ဟောပြော ဆွေးနွေးခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၇၉ ဦးတက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)