ရေတာရှည် အထကတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ရေတာရှည်မြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက အောင်ဆန်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

     အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုဝင်းမှ အဖွင့်အမှာစကား ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သဲစုလွင်က စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများနှင့် ကုန်စည် များဝယ်ယူပါက ကုန်အညွှန်းအမှတ်အသားများ ဦးစားပေးဖတ်ရှုသင့်သင့်အကြောင်းများကို ရှင်း လင်းဟောပြောပါသည်။

    ဆက်လက်၍ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဒုတိယဦးစီးမှူး ဦးသန်းစိုးအောင်မှ မီးဘေးအန္တရာယ် ကာကွယ်တားဆီးရေး အကြောင်းများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံမှ လူကုန်ကူးမှုအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေး အကြောင်းများအား ဆွေးနွေးပြောကြားခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား ကျောင်းသူ ၄၂၀ ဦးတက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)