တောင်ငူမြို့နယ် လဲဘူးစံပြကျေးရွာရှိ အခြေခံလူတန်းစားများ စားသုံးဆီကို သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၏ ညှိနှိုင်းဆောင်ရွက်မှုအရ စက်တင်ဘာ ၁၂ ရက်နေ့က လှည်းဘူးစံပြကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် စားသုံးဆီ ပိဿာချိန် ၆၀၀ ရောင်းချပေးခဲ့ပါသည်။
စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများမှ စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချခဲ့ရာ ဝယ်ယူရရှိသည့် လက်ကားကုန်သည်များအနေဖြင့် စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်း လက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များထပ်ပေါင်း၍ ၂ ရာခိုင်နှုန်း အမြတ် ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချလျှက်ရှိရာ ဆီကုန်သည် ၃ ဦးက လဲဘူးစံပြကျေးရွာတွင် စားသုံးဆီတစ်ပိဿာလျှင် ၅၄၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်း ဖြစ်ပါသည်။
စားသုံးဆီများ ရောင်းချရာသို့ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင် ဦးဆောင်သော ဝန်ထမ်းများက ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းဖြင့် ရောင်းချရေး၊ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်း မပြုလုပ်စေရေးတို့အတွက် ကွင်းဆင်းကြပ်မတ် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)