ဖြူးမြို့နယ်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

         ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့် ဌာနခွဲစာရေး ဒေါ်ခင်သန္တာဦးတို့သည် ဖြူးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေး ဦးမြတ်မင်းမောင် ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပါဝင်သော ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့ဝင်များနှင့်အတူ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖြူးမြို့နယ်အတွင်း ဈေးကွက်များအတွင်းသို့ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

      ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့သည် ဖြူးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းမုန့်ဈေးတန်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းမုန့်ဈေးတန်းနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းမုန့် ဈေးတန်းများတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စားသုံးရန်မသင့်ဟု ကြေညာထားသည့် အစားအသောက်များ ရောင်းချခြင်းရှိ/မရှိကိုလည်းကောင်း၊ ဖြူးမြို့ပေါ်ရှိ ဆေးဆိုင် များ၌ ရက်လွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချခြင်းရှိ /မရှိကို လည်းကောင်း ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

      တောင်ငူခရိုင်အတွင်း မြို့နယ်များရှိ စာသင်ကျောင်းများနှင့်ဈေးများတွင် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စားသုံးရန်မသင့်သော အစားအစာများနှင့် မုန့်များကို ရောင်းချမှုမရှိစေရေးအတွက် တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားချက်အရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)