ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ကျေးရွာအုပ်စု ၃၇ အုပ်စုရှိရာ တချို့ကျေးရွာများတွင် ကိုယ်ပိုင်လက်တွန်းထွန်စက်များ၊ ရိတ်သိမ်းချွေလှေ့စက်များဖြင့် လယ်ဧက ၇၀ အထက် ဧက ၁၀၀ အထိ စိုက်ပျိုးလုပ်ကိုင်နေသော တောင်သူကြီးများရှိပါသည်။
တောင်ငူမြို့နယ် ငါးဖယ်အင်းကျေးရွာအုပ်စု ကြံတောကျေးရွာရှိ တောင်သူကြီး ဦးစိုးနိုင် သည် လယ်ဧက ၇၀ စိုက်ပျိုးလုပ်ကိုင်နေပြီး စက်တင်ဘာနောက်ဆုံးပတ်တွင် မိုးစပါးများ ရိတ်သိမ်းတော့မည် ဖြစ်ပါသည်။
ယခုနှစ် စပါးရိတ်သိမ်းမည့် အခြေအနေ ကြိုတင်ပြင်ဆင်နေမှုများကို တောင်သူ ဦးစိုးနိုင် အား သွားရောက်မေးမြန်းကြည့်ရာ ယခုနှစ်တွင် ပရီမီယံဒီဇယ်ဈေး တက်လာကြောင်း၊ စက်အပို ပစ္စည်းဈေးနှုန်းလည်း တက်လာကြောင်း၊ ယခင် မိုးရာသီက စပါးရိတ်ခ တစ်ဧက ၅၀၀၀၀ ကျပ်၊ နွေစပါး ရိတ်ခ တစ်ဧက ၇၀၀၀၀ ကျပ်ရှိကြောင်း၊ ယခုနှစ် မိုးစရားရိတ်ခကို တစ်ဧက ၉၀၀၀၀ ကျပ် သတ်မှတ်ထားပါကြောင်း၊ စက်သုံးဆီဈေး ကျဆင်းပါက စပါးရိတ်ခ လျှော့ချ၍ ရိတ်သိမ်း ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)