ထားဝယ်မြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်

Powered by Drupal

          တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ ဝန်ထမ်းများသည် တိုင်း‌ဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ ၊ နံနက်(၁၀:၀၀)တွင် ထားဝယ်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း စုပေါင်းခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

         အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်း‌ဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးမှ အစားအသောက်နှင့်ဆေးဝါးဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း ၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ‌ဒေါ်ဇူးဇူးဇင်နိုင်မှ စားသုံးသူအခွင့်အရေး နှင့် စားသုံးသူ၏တာဝန်များ ၊ ကုန်စည်နှင့်ပတ်သက်သည့် ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်း၊ Consumer Call Center 1535 သို့ခေါ်ဆို၍ စားသုံးသူရေးရာနှင့်ပတ်သပ်သည့် သိရှိလိုသည်များအား မေးမြန်းစုံစမ်းနိုင်ကြောင်း ဆွေးနွေး ဟောပြောခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်း‌စာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

              ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ ဦးရေ(၁၀၀)ဦး တက်ရောက်ခဲ့ကာ အခမ်းအနားကို နံနက်(၁၁:၃၀)တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)