ပေါင်းတည်မြို့နယ်တွင် မိုးစပါးသစ်များ အရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့သို့ ဇီးကုန်းမြို့ဘက်မှ ယခုနှစ် မိုးစပါးများ စတင်ဝင်ရောက်နေပြီဖြစ်ပါသည်။ ပေါင်းတည်မြို့နယ်တွင် မိုးစပါးအသစ်များ မပေါ်သေးသော်လည်း ဇီးကုန်းမြို့နယ်ဘက်မှ စပါးများဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဝင်ရောက်လာသော စပါးမျိုးများမှာ ရတနာတိုးစပါးဖြစ်၍ နေ့စဉ်ဇီးကုန်းမြို့ဘက်မှ ပေါင်းတည် မြို့သို့ (၆)ဘီး ကား (၄)စီးဖြင့် ဝင်ရောက်မှုရှိပြီး ဆန်စက်များမှ အဝယ်ရှိလျှက်ရှိပါသည်။ ဆန်စက် တွင် အခြောက်ခံ နေလှန်းပြီး ဆန်ကြိတ်၍ ရောင်းချသလို အချို့မှာ စပါးအတိုင်း ရောင်းချကြပါသည်။ စပါးဈေးများမှာ တစ်တင်းလျှင်ပေါင်(၅၀) အစိုဓါတ် ၂၅% တင်း(၁၀၀)လျှင် (၁၀၇၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိပြီး သွင်းအားစုများ ဈေးနှုန်း မြင့်တက်လာသော်လည်း စပါးဈေးများမြင့်တက်လာသဖြင့် မိုးစပါးစိုက် တောင်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)