စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံများနှင့် ဝန်ထမ်းများသည် (၂၀.၉.၂၀၂၂) ရက်နေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန် မုံရွာမြို့၊ အထက(၁)ကျောင်းတွင် စားသုံးသူ အသိပညာ ပေးဟောပြောပွဲကို ကျင်းပဆောင်ရွက်ခဲ့ရာ အထက(၁) ကျောင်းအုပ်ဆရာကြီး ဦးသန်းထွန်းက နှုတ်ဆက်အဖွင့်အမှာစကားပြောကြားပြီး ဆရာ/ဆရာမ (၂၅)ဦး၊ ကျောင်းသား/သူ (၈၅)ဦး စုစုပေါင်း (၁၁၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ ထုတ်လုံဌာနခွဲတာဝန်ခံ ဒေါ်အေးမြင့်ငြိမ်းက “စားသုံးသူအခွင့်အရေးရရှိဘို့ ကုန်အညွှန်းမှတ်သားဖတ်ကြစို့” ဆိုသည့် ခေါင်းစဉ်ဖြင့် စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် သိသင့်သည့် အချက်အလက်အထောက်အထား များအား လေ့လာသိရှိစေရန် ကုန်အညွှန်းအမှတ်အသားများ အကြောင်းနှင့် စားသုံးသူများနစ်နာမှု ရှိပါက တိုင်ကြားလို့ရနိုင်ကြောင်း၊ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခြင်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်ခိုင်မို့မို့က ဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်မှုများ၊ စားသုံးသူကာကွယ်ရေးဉပဒေပါ အခွင့်အရေး နှင့် တာဝန်များအကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဟောပြောခြင်းများနှင့် ဌာန၏ပညာပေး လက်ကမ်းစာစောင်များ၊ ကျောင်းသား/သူများ လေ့လာ သိရှိစေရန် အများမြင်သာသောနေရာတွင် ချိတ်ဆွဲနိုင်ရန်အတွက် စားသုံးရန်မသင့် ဗွီနိုင်းပိုစတာအား ကျောင်းအုပ်ဆရာကြီးထံ ပေးအပ်ကာ အစားအသောက်များနှင့် ပတ်သက်သည့်အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)