ဘီးလင်းမြို့နယ်တွင် အသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     ၁၅.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်၊ နီလာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အသင့်သောက်အချိုရည်အမျိုးမျိုးအား သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ စစ်ဆေးမှုပြုလုပ်ခဲ့ရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းစေရေးအတွက် အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ပါ/မပါနှင့် တင်သွင်းသည့် ကုမ္ပဏီလိပ်စာများကို စစ်ဆေးပြီး ရောင်းချသူလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော ကုန်စည်များကိုသာလျှင် ရောင်းချရန်နှင့် ကုန်စည်များဝယ်ယူရောင်းချရာတွင် စားသုံးသူဘေးအန္တရာယ်ကင်းသည့် ကုန်စည်များကိုသာ ရောင်းချရန်အသိပညာပေးဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)