
၁၃.၉.၂၀၂၅ ရက်နေ့ နံနက် (၀၈း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် “Lwin Maung Maung” ကုမ္ပဏီမှ သထုံမြို့မဈေး၌ စားအုန်းဆီ ရောင်းချနေမှုအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
ထိုသို့ စစ်ဆေးရာတွင် စားအုန်းဆီရောင်းချရာ၌ သတ်မှတ်ဈေးနှုန်း၊ အလေးချိန်၊ အရည် အသွေးပြည့်ဝမှန်ကန်စွာရောင်းချမှု ရှိ/မရှိ၊ သတ်မှတ်ဗီနိုင်းချိတ်ဆွဲရောင်းချမှု ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်းဆီတစ်ပိဿာလျှင် (၇၀၃၀) ကျပ်နှုန်းဖြင့် ပိဿာ (၄၄၀) ရောင်းချခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)