ကျိုက်ထိုမြို့နယ်တွင် ပြည်သူများသို့ သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် စားအုန်းဆီရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ၁၆.၉.၂၀၂၅ ရက်နေ့၊ နေ့လယ်  (၁၃း၀၀) နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်၊ ကံ့ကော်ရပ်ကွက်၊ စိန်ပန်းလမ်းတွင် Kaung Hlyan New Asia Co.Ltd မှ သတ်မှတ်ရည်ညွှန်းစျေးဖြင့် စားအုန်းဆီရောင်းချပေးနေမှုအား ကျိုက်ထိုခရိုင်တာဝန်ခံ ဦးအောင်ကျော်မင်းနှင့် ဝန်ထမ်းများသည် သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

   ထိုသို့ စစ်ဆေးရာတွင် စားအုန်းဆီများရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ရောင်းချရန်၊ အလေးချိန်ပြည့်မီစေရန်၊ အရည်အသွေး ပြည့်ဝမှန်ကန်စွာရောင်းချရန်၊ စားသုံးသူ ပြည်သူများပွင့်လင်းမြင်သာစွာရှိစေရေးအတွက် သတ်မှတ်ဗီနိုင်းချိတ်ဆွဲရောင်းချမှု ရှိ/မရှိ တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ယခုအပတ် စားအုန်းဆီ (၁)ပိဿာရည်ညွှန်းစျေးမှာ (၇၁၄၄) ကျပ်ဖြစ်ပြီး ပိဿာ (၅၅၀) ရောင်းချပေးခဲ့ကြောင်း သိရသည်။

DOCA (မွန်)