တရားမဝင်ကုန်စည်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုလမ်းဆုံတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့သည်(၂၀.၉.၂၀၂၂)ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်၌ တရားမဝင်ကုန်စည်များ သယ်ယူပို့ ဆောင်ခြင်း ရှိ/မရှိကို ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ဒေသတွင်းရှိ အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ဈေးကွက်တွင် မျှတစွာ ယှဉ်ပြိုင်ရပ်တည်နိုင်ပြီး၊ စားသုံးသူများအား ကာကွယ်ပေးနိုင်ရေး၊ တရားမဝင်ကုန်သွယ်မှုများ၏ အန္တရာယ်နှင့် တရားမဝင်ကုန်သွယ်မှုကြောင့် ဒေသတွင်း ထိခိုက်မှုမရှိစေရေး ရည်ရွယ်၍ စစ်ဆေးခြင်းဖြစ် ပြီး မော်တော်ဆိုင်ကယ်များ၊ ကုန်တင်ယာဉ်များ၊ ခရီးသည်ယာဉ်များနှင့် ဆီတင်ယာဉ်များတွင် သယ်ဆောင်လာသော ကုန်စည်နှင့် ကုန်ပို့လွှာများ ကိုက်ညီမှု ရှိ/မရှိစစ်ဆေးပြီး စုစုပေါင်းမော်တော်ယာဉ် (၅၀)စီးအား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)