ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ စက်မှုမှတ်ပုံတင်ခွင့်ပြုရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်စစ်ဆေးပြီးသော လုပ်ငန်း(၃၂)ခုအား ပုဂ္ဂလိက စက်မှုမှတ်ပုံတင်ခွင့်ပြုရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပါဝင် သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၆.၉.၂၀၂၂ ရက်နေ့ မွန်းလွဲ ၁၄:၀၀နာရီ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတိုင်းဒေသကြီး ဦးစီးမှူးရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြု လုပ် ခဲ့ပါသည်။

     ပုဂ္ဂလိကစက်မှုမှတ်ပုံတင်ခွင့်ပေးရန်အတွက် အစားအစာထုတ်လုပ်ခြင်း အကြီးစား လုပ်ငန်း (၁၀)ခု၊ အစားအစာထုတ်လုပ်ခြင်းအလတ်စားလုပ်ငန်း(၁၆)ခု၊ ရော်ဘာနှင့် ပလပ်စတစ် ပစ္စည်းထုတ် လုပ်မှုအကြီးစား(၁)ခု၊ ဓာတုဗေဒပစ္စည်းများနှင့် ဓါတုဗေဒထုတ်ကုန်များ ထုတ်လုပ်ခြင်းအကြီးစား (၁)ခု၊ အဖျော်ယကာများထုတ်လုပ်ခြင်းအကြီးစား(၁)ခု၊ အခြား ကုန်ပစ္စည်းများထုတ်လုပ်ခြင်း၊ အကြီးစား (၁)ခု၊ စက်နှင့်စက်ပစ္စည်းများထုတ်လုပ်မှု အငယ် စား(၂)ခု စုစုပေါင်းလုပ်ငန်း(၃၂)ခုအတွက် ပုဂ္ဂလိကစက်မှုလုပ်ငန်း ဥပဒေပုဒ်မ (၂)ပုဒ်မခွဲ(က)နှင့် ပုဒ်မ(၄)၊ပုဒ်မခွဲ(က)နှင့်အညီ စက်မှုလုပ်ငန်းမှတ်ပုံတင်ရန် လျှောက်ထားလာသော လုပ်ငန်းများ အား ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။

   တက်ရောက်လာသောအဖွဲ့ဝင်တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများဖြစ်သည့်တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်တွင်းအခွန် များဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် တိုင်းဒေသကြီးစည်ပင်သာယာရေး အဖွဲ့ တို့မှလည်း ကွင်းဆင်းစစ်ဆေးပြီး၊ ပုဂ္ဂလိကစက်မှုမှတ်ပုံတင်ခွင့်ပြုရန် တင်ပြလာသော လုပ်ငန်း (၃၂)ခုအား သက်ဆိုင်ရာဌာနများ၏ ရုံးလုပ်ထုံးလုပ်နည်းများနှင့်အညီစီစစ်၍ မှတ်ပုံတင်ခွင့်ပြုရန် ထောက်ခံတင်ပြ ဆွေးနွေးခဲ့ ကြောင်းသိရသည်။

DOCA(ဧရာဝတီ)