မကွေးမြို့၊ စစ်မှုထမ်းဟောင်းအိမ်ရာနှင့် အေးမြသာယာကျေးရွာတို့၌ ကုမ္ပဏီများမှ ဖြန့်ဖြူးရောင်းချသော စားသုံးဆီများအား စျေးကားဖြင့် ရောင်းချမှု ကွင်းဆင်းကြီးကြပ်ခြင်း

Powered by Drupal

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး ခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ် အရည်အသွေး၊ စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေး နှင့်ညီ ညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင် ရေး၊ စားအုန်းဆီ ကမ္ဘာ့စျေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများ ဖြစ်ပေါ်စေ ရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီး ဌာန ၊ တိုင်းဒေသ ကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၁၅.၉.၂၀၂၂)ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် မကွေးမြို့စစ်မှုထမ်းဟောင်း အိမ်ရာ၌လည်းကောင်း၊ (၁၆း၃၀)နာရီအချိန်တွင် မကွေးမြို့၊ အေးမြသာယာကျေးရွာ၌ လည်းကောင်း၊ ကုမ္ပဏီများမှ ဖြန့်ဖြူးရောင်းချပေးသော စားသုံးဆီများကို မကွေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ စျေးကား(၂)စီးဖြင့် စားအုန်းဆီ (၁)ပိဿာ (၅၆၀၀ိ/-)ကျပ်နှုန်းဖြင့် လူတစ်ဦး လျှင် (၁)ပိဿာနှုန်း ‌ရောင်းချပေးမှုအား မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း (ဦးစီးမှူး)နှင့် ဦးဟာခေါဂေ (ဒု-ဦးစီးမှူး)တို့မှ သွား ရောက်ကြီးကြပ်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

 ထိုသို့ ကွင်းဆင်းကြီးကြပ်‌ဆောင်ရွက်ရာ၌ စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူ နိုင်ရေး၊ စားအုန်းဆီစျေးနှုန်းများမှန်ကန်ရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ စားအုန်းဆီ ဝယ်ယူ ရာတွင် တန်းစီစနစ်ဖြင့် စနစ်တကျရှိစေရေး ကြီးကြပ်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ပြည်သူများမှ လည်း ကုန်ဈေးနှုန်းကြီးမြင့်နေချိန် ယခုကဲ့သို့ ဈေးနှုန်းသက်သာစွာဝယ်ယူရရှိအောင် ဆောင်ရွက်ပေးသည့် စားသုံးသူရေးရာဦးစီးဌာနနှင့် မကွေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအား ကျေးဇူးတင်ပါကြောင်း  ပြောကြားခဲ့ပါသည်။

DOCA(မကွေး)